ဒီမေးခွန်းရဲ့ အဖြေကို သိထားပြီးတဲ့စိန်ချစ်သူတွေလည်း ရှိမှာဆိုပေမယ့် မသိသေးတဲ့ မင်မင်က ပြောပြပေးသွားမယ်နော်။ ပထမဆုံး စိန်တွေ ဘယ်ကထွက်လဲဆိုတာတော့ စိန်ချစ်သူတို့ တော်တော်များများသိပြီးသားဖြစ်မှာပါ။ ကမ္ဘာပေါ်က စိန်တွေတော်တော်များများကို ရုရှားနဲ့ အာဖရိကမှာရှိတဲ့ မိုင်းတွင်းတွေကနေ အမြောက်အများ တူးဖော်ရရှိနေတာဖြစ်ပါတယ်။
ဒါဆို ဘယ်ဂျီယမ်စိန်ဆိုပြီး ဘာလို့ခေါ်ကြတာလဲ ?
စိန်ချစ်သူတို့ အမြတ်တနိုး တန်ဖိုးထားဝတ်ဆင်နေကြတဲ့ စိန်ပွင့်လေးတွေက တွင်းထဲကထွက် “ဂွက်” ဆိုပြီး စိန်ချစ်သူတို့ဆီ ရောက်လာခဲ့တာ မဟုတ်ပါဘူး။ မိန်းကလေးတိုင်းလိုချင်ကြပြီး မြင်သူတိုင်း သဘောကျကြတဲ့ စိန်ပွင့်လေးတွေဆိုတာ လှပတဲ့စိန်ပွင့်လေးတွေ ဖြစ်လာအောင် cutting လို့ခေါ်တဲ့ စိန်သွေးခြင်းဆိုတဲ့ လုပ်ငန်းစဥ်ကို ကျော်ဖြတ်ရပါတယ်။ စိန်တစ်ပွင့်ရဲ့ အလှကို အဓိက ဆုံးဖြတ်ပေးနိုင်တာကလည်း စိန်သွေးခြင်းလုပ်ငန်းစဥ်ပါပဲရှင်။ သွေးကွက်လှမှသာ စိန်တစ်ပွင့်ရဲ့အလှတရား၊ လင်းအား စတာတွေက လိုက်ဖက်ညီစွာ လှပနေမှာ ဖြစ်ပါတယ်။ ဒီလို စိန်ပွင့်လေးတွေကို ဘယ်ဂျီယမ်နိုင်ငံကနေ အဓိက ရရှိနေပါတယ်။ ဘယ်ဂျီယမ်နိုင်ငံသားတွေရဲ့ စိန်သွေးခြင်းအနုပညာကြောင့် ဟိုးရှေးယခင်နှစ်တွေဆီကနေ အခုထက်ထိ ဘယ်ဂျီယမ်သွေးကွက်ဆို မလှမှာ ပူစရာမလိုလောက်အောင် စိန်ပွင့်တွေက တော်တော်လေးလှကြပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ၈၄ % သောစိန်တုံးတွေက ဘယ်ဂျီယမ်နိုင်ငံကို ဖြတ်သွားပြီးတော့ ကမ္ဘာ့ဈေးကွက်ထဲက ၅၀ % သော သွေးပြီးသားစိန်ပွင့်လေးတွေကလည်း ဘယ်ဂျီယမ်နိုင်ငံကနေ ရရှိနေတာ ဖြစ်ပါတယ်ရှင်။ ဒါကြောင့်မလို့လည်း ဘယ်ဂျီယမ်စိန်၊ ဘယ်ဂျီယမ်စိန်ဆိုပြီး ပြောနေကြတာ ဖြစ်ပါတယ်။ စိန်ချစ်သူတို့ မှတ်ထားရမှာက ဘယ်ဂျီယမ်စိန်ဆိုတာ ဘယ်ဂျီယမ်နိုင်ငံက ထွက်ရှိတာမဟုတ်ဘဲ ဘယ်ဂျီယမ်နိုင်ငံက သွေးပေးထားတဲ့ စိန်ပွင့်တွေ ဆိုလိုတာ ဖြစ်ပါတယ်ရှင်။ ဒီလောက်ဆို မင်မင့်ရဲ့စိန်ချစ်သူတွေလည်း ဘာကြောင့် ဘယ်ဂျီယမ်စိန်လို့ ခေါ်ကြတယ်ဆိုတာ နားလည်သွားကြလိမ့်လို့ မင်မင်က ယုံကြည်ပါတယ်။ နောက်ထပ် စိန်၊ ကျောက်မျက်ရတနာနဲ့ ပတ်သက်တဲ့ဗဟုသုတတွေ၊ လက်ဝတ်ရတနာနဲ့ ပတ်သက်တဲ့ဗဟုသုတတွေကို သိရဖို့ မင်မင်တို့ရဲ့ လပ်ကီးဒိုင်းမွန်းမြန်မာ Facebook Page ကို Like & Follow လုပ်ဖို့ မမေ့နဲ့နော်။