မြတွေဟာ သူ့ရဲ့ ထူးဆန်းတဲ့ဖွဲ့စည်းပုံကြောင့် ကမ္ဘာပေါ်မှာ စိန်ထက် ရှားပါးတဲ့ ကျောက်မျက်ရတနာဖြစ်ပါတယ်။
💚 ခရိုမီယမ်နဲ့ ဗနေဒီယမ်ကြောင့် အစိမ်းရောင်မြတွေ ဖြစ်ပေါ်လာရပြီးတော့ Beryl အုပ်စုမှာ ပါဝင်ပါတယ်။ မြမှန်ရင် Inclusion မကင်းဘူးလို့ ဆိုရလောက်အောင် မြတွေဟာ နူးညံ့ပြီး ကျွတ်ဆတ်တဲ့ ပုံဆောင်ခဲတွေဖြစ်တာနဲ့အညီ တူးဖော်ထုတ်ယူရတာ ခက်ခဲတာကြောင့် ကျွမ်းကျင်ပညာရှင်များစွာလိုအပ်ပြီး တူးဖော်စရိတ်မြင့်မားတဲ့ ကျောက်မျက်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှားပါးလာနေပြီး တန်ဖိုးထားသင့်တဲ့ ကျောက်မျက်တွေထဲမှာ မြကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။
💚 ဒါကြောင့်လည်း အလေးချိန် (carat) တူ မြတစ်ခုနဲ့ စိန်တစ်ပွင့်မှာဆို မြက ပိုဈေးကြီးနေရခြင်း ဖြစ်ပါတယ်။ Jewelry Showroom တွေမှာလည်း မြတွေဟာ စိန်ထက်နည်းနေတာကို မြချစ်သူလေးတို့ သတိထားမိမှာပါနော်။ မြတွေ ရှားပါးပြီး ဈေးကြီးရတဲ့နောက်ထပ်တစ်ချက်ကတော့ မြကိုတွေ့ရှိရတဲ့ မိုင်းတွင်းတွေက ဝေးလံခေါင်သီပြီး ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် တူးဖော်ရန်ခက်ခဲပါတယ်။ တွေ့ရှိပြီး တူးဖော်လို့ရရင်တောင် မြကို ဖြစ်ပေါ်စေတဲ့ ခရိုမီယမ်နဲ့ ဗနေဒီယမ်ဟာ ရှားပါးတဲ့မျိုးစိတ်တွေ ဖြစ်ပြီး တွေ့ရှိဖို့တောင် ခက်ခဲတဲ့ ကျောက်မျက်ဖြစ်တာကြောင့် မြတွေဟာ ရှားပါးနေအုံးမှာ ဖြစ်ပါတယ် မြချစ်သူလေးတို့ရေ
💚 ဒါကြောင့်မို့ မြချစ်သူလေးတွေအနေနဲ့ ရှားပါးလွန်းပြီး ဒီအစိမ်းရောင်ကျောက်မျက်လေးတွေကို တန်ဖိုးထားဆင်မြန်းချင်လို့ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုနဲ့ ဂုဏ်ဒြပ်တစ်ခုအနေဖြင့် သိမ်းဆည်းထားချင်လို့ ဝယ်ယူထားချင်တယ်ဆိုရင်တော့ လပ်ကီးဒိုင်းမွန်းမြန်မာစိန်တိုက်ကြီးက အမြဲစောင့်ကြိုနေပါတယ်ရှင်။