🤍 ပုလဲလေးတွေဟာ အဖိုးတန်ကျောက်မျက်ရတနာတွေများအထဲမှ သက်ရှိသတ္တဝါက ရရှိပြီး သွေးစရာမလိုတဲ့ သဘာဝရဲ့ ရတနာစစ်စစ်လေးတွေပဲ ဖြစ်ပါတယ်။ နူးညံ့ပြီး ချောမွေ့တဲ့ ပုလဲလေးတွေဟာ ဇွန်လဖွားလေးတွေရဲ့ အဆောင်ကျောက်လည်းဖြစ်ပါတယ်။ ပုလဲမှာ သဘာဝအတိုင်း တွေ့ရှိရတဲ့ပုလဲ နဲ့ သေချာစနစ်တကျမွေးမြူပြီးမှ ရရှိတဲ့ပုလဲဆိုပြီး (၂) မျိုးရှိပြီး သဘာဝအတိုင်း ပုလဲကို ရရှိဖို့က အရမ်းကိုရှားပါးပြီး ခက်ခဲပါတယ်။
🤍 သဘာဝအတိုင်း တွေ့ရှိရတဲ့ ပုလဲတွေအထဲကမှ အကျော်ကြားဆုံးနဲ့ အကြီးဆုံးပုလဲကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၅၀၀) ခန့်က ပနားမားပင်လယ်ကွေ့မှာ တွေ့ရှိရတဲ့ ၅၀.၅၆ ကာရက်ရှိပြီး ခိုဥအရွယ်လောက်ရှိပါတယ်။ ဇွန်လဖွားလေးတွေရဲ့ အဆောင် ပုလဲလေးတွေက သန့်ရှင်းစင်ကြည်မှု၊ နူးညံ့မှု၊ ရိုးရှင်းမှုတွေကို ကိုယ်စားပြုပြီး ဝတ်ဆင်သူကို ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံစေတဲ့ သဘာဝရဲ့ လက်ဆောင်လေးပဲ ဖြစ်ပါတယ်။
🤍 ပုလဲဝတ်ရင် ကျန်းမာရေးကောင်းတယ်လို့လည်း ဆိုကြပါသေးတယ်။ ရှေးလူကြီးတွေရဲ့အဆိုအရ ပုလဲဝတ်ရင် အသက်ရှည်ပြီး ချမ်းသာဝပြောနိုင်ပါတယ်တဲ့။ ဒါ့အပြင် ဆေးပညာအရလည်း ပုလဲတွေက အစာမကြေခြင်းနဲ့ သွေးသွန်ခြင်းကို သက်သာစေနိုင်တယ်လို့ ယုံကြည်ကြတဲ့အပြင် အာရပ်သမားတော်အချို့ကတော့ ပုလဲမှုန့်က အမြင်အာရုံကို ပိုမိုကောင်းမွန်စေကာ အာရုံကြောအားကောင်းစေပြီး စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်တယ်လို့ ဆိုခဲ့ဖူးကြပါသေးတယ်။
🤍 ပုလဲတွေက မာခြင်းအဆင့် Mohs scale 2.5 မှ 3.0 ထိသာ ရှိပြီး အလွန်နူးညံ့တဲ့ သဘာဝကျောက်မျက်လေးတွေ ဖြစ်ပါတယ်။ နူးညံ့လွန်းတာကြောင့် ပုလဲလေးတွေကို အခြားကျောက်မျက်ရတနာတွေနဲ့ တွဲဖက်သိမ်းဆည်းတာမျိုး မလုပ်သင့်ပါဘူးနော်။ ပုလဲတွေကို ဝတ်ပြီးလို့ သန့်ရှင်းရေးလုပ်မယ်ဆိုရင်လည်း နူးညံ့ပြီး စိုရုံမျှလောက်သာ စိုစွတ်တဲ့အဝတ်လေးတွေနဲ့ သန့်ရှင်းပေးနိုင်ပါတယ်။ ဒီလိုမျိုး နူးညံ့ပြီး ကုံလုံပြည့်စုံခြင်းကို ဆောင်ယူပေးမယ့် ပုလဲတွေကတော့ ဇွန်လဖွားလေးတွေရဲ့ အဆောင်ကျောက်ပါတဲ့ရှင်။