Moonstone ကလည်း ဇွန်လဖွားတွေရဲ့ အဆောင်ရတနာပါတဲ့
မှော်ဆန်တဲ့နာမည်နဲ့ “inclusion” ပါဝင်မှုနည်းပြီး အရောင်ကြည်လင်လေ အဖိုးတန်လေဖြစ်တဲ့ Moonstone (မျောကျောက်) ကလည်း ဇွန်လဖွားလေးတွေရဲ့ အဆောင်ကျောက်ပါတဲ့နော်။
ဇွန်လဖွားလေးတွေအတွက် အဆောင်ရတနာအနေနဲ့ ပုလဲ၊ Moonstone (မျောကျောက်) နဲ့ Alexandrite (အရောင်ပြောင်းကျောက်) ဆိုပြီး (၃)မျိုးတောင်ရှိပါတယ်။ ဒီနေ့မှာတော့ Moonstone (မျောကျောက်) လေးတွေအကြောင်း ပြောပြချင်ပါတယ်။ Moonstone (မျောကျောက်) လေးတွေက ရောမနဲ့ ဂရိနတ်ဘုရားနှစ်ခုလုံးနဲ့ ဆက်စပ်နေပြီးတော့ ဟိန္ဒူဒဏ္ဍာရီအရ လရဲ့ ရောင်ခြည်ကနေ ဖြစ်ပေါ်လာတယ်လို့ ယုံကြည်ကြတဲ့ ကျောက်မျက်ဖြစ်ပါတယ်။
Moonstone (မျောကျောက်)လေးတွေက feldspar ခေါ်တဲ့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ ကဲလ်စီယမ် ပါဝင်တဲ့ aluminosilicate ကနေ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။Aluminosilicate က ကမ္ဘာပေါ်က သတ္တုတွင်းထွက်တွေရဲ့ ၆၀% လောက်မှာ ပါဝင်နေတာကြောင့် ရှားပါးလားဆိုရင်တာ့ ရှားပါးတဲ့ ကျောက်မျက်လေး မဟုတ်ပါဘူးရှင်။ အမေရိကန်၊ဩစတေးလျ၊ မက္ကဆီကို၊ မတ်ဒါဂတ်စကာ၊ မြန်မာ၊ နော်ဝေး၊ ပိုလန်၊ အိန္ဒိယ နဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တူးဖော်ရရှိနေပါတယ်။ Moonstone (မျောကျောက်) များထဲမှ အလှပဆုံးနဲ့ အရှားပါးဆုံး အပြာရောင်သမ်းတဲ့ မျောကျောက်လေးတွေကိုတော့ မြန်မာနိုင်ငံမှ တူးဖော်ရရှိပြီး ကမ္ဘာ့ဈေးကွက်ထဲက Moonstone (မျောကျောက်) တွေကတော့ သီရိလင်္ကာနိုင်ငံမှ တူးဖော်ရရှိနေတာ ဖြစ်ပါတယ်။
Moonstone (မျောကျောက်) တွေဟာ တီထွင်ဖန်တီးနိုင်စွမ်းကို မြင့်တက်စေတယ်။ စိတ်နှလုံးကို ငြိမ်းအေးစေခြင်း၊ ချစ်ခြင်းမေတ္တာ၊ စိတ်အားထက်သန်မှုကို ကိုယ်စားပြုပြီး healing လုပ်တဲ့နေရာမှာ အကောင်းဆုံးကျောက်မျက်လေးဖြစ်တာကြောင့် ဝတ်ဆင်သူကို စိတ်ငြိမ်းအေးစေပြီး ဆုံးဖြတ်ချက်များကို မှန်ကန်စေမှာ ဖြစ်ပါတယ်။
မာခြင်းအဆင့် ၆ ရှိပြီး အရောင်အားဖြင့် အပြာ၊ ခဲရောင်၊ အဖြူ၊ ပန်းရောင် စသဖြင့် အရောင်မျိုးစုံရှိတဲ့ Moonstone (မျောကျောက်) တွေက မာကျောမှုအားနည်းတာကြောင့် ဂရုတစိုက်ဝတ်ဆင်သင့်တဲ့ ကျောက်မျက်လေးဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝတ်ဆင်ပြီး ပြန်သန့်စင်တဲ့အခါမှာလည်း အပူကို ကြောက်ပြီး ကွဲအက်လွယ်တာကြောင့် ရေနွေးနဲ့ သန့်စင်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။ အကောင်းဆုံးကတော့ ဆပ်ပြာရည်နဲ့ နူးညံ့တဲ့ စုတ်တံ၊ အဝတ်လေးတွေနဲ့ သန့်စင်ပေးတာပဲ ဖြစ်ပါတယ်။ မင်မင်ရဲ့ ဇွန်လဖွားလေးတွေ အဆောင်ရတနာအနေနဲ့ ရွေးချယ်ဖို့ရာ မင်မင်က ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်ရှင်
ထည်ဝါ (Lucky Diamonds)